MBA Online Community, Yangon, Myanmar.

 
  • Increase font size
  • Default font size
  • Decrease font size

အညာမြေ ရှေးဟောင်းမြို့ပုဂံသို့ ခရီးတစ်ခေါက်

E-mail Print PDF

အညာမြေ ရှေးဟောင်းမြို့ပုဂံသို့ ခရီးတစ်ခေါက်
Story By: Win Nyunt Lwin (EMBA 6)

            မျက်စိနှစ်လုံးပွင့်လာချိန် အဲယားဘတ်စ် မှန်လုံကားပေါ်ကနေ ထနောင်းပင်တွေကို မြင်လိုက်ရတာနဲ့ အညာရဲ့ အရိပ်အငွေ့တွေကိုစတင်ခံစားလိုက်ရတယ်။ နာရီကြည့်မိတော့ မနက် ခုနှစ်နာရီခွဲ၊ညက ကားတစ်စီးလုံး သူငယ်ချင်းတွေကာရာအိုကေ အော်ဟစ်ဆိုကြ၊ သောက်ကြနဲ့မို့ ဘယ်အချိန် အိပ်ပျော် ကြမှန်းမသိ။ နောက်ကျိနေတဲ့ ဦးနှောက်ကို အညာမြေ မြင်ကွင်းက လန်းဆန်းစေလေသည်။

          ကျောင်းယူနီဖောင်းနဲ့ စက်ဘီးလေးတွေကိုယ်စီ ၊ စတီးထမင်းချိုင့်လေး တွေ လက်ကိုင်မှာချည်ကာ ကျောင်းရှိရာဦးတည်သွားနေကြတဲ့ကလေးငယ်လေးတွေရဲ့ မြင်ကွင်းဟာ အညာက ကားလမ်းမကြီး ဘေး၊ မြေနီလမ်းလေးပေါ်မှာပဏာရလို့ နေလေရဲ့။

            ထုံးဖွေးဖွေးစေတီလေးတွေကိုလည်း လမ်းဘေးဝဲယာ ဖူးတွေ့ရချိန်မှာ အညာမြေရဲ့ အလှအပဟာ နံက်ခင်းမှာ ပိုမိုပီပြင်သွားတယ်။

 

 

 

          ရှေးဟောင်းမြို့တော် ပုဂံကို ဦးတည်မောင်းနေတဲ့ ကားဟာ ရမည်းသင်း၊ပျော်ဘွယ်မြို့တွေကို ဖြည်းဖြည်းချင်းဖြတ်သန်းနေတယ်။ ပျော်ဘွယ်အရောက် အညာမြေနီရယ်၊ စိမ်းစိုနေတဲ့ တဖက်ကမျက်ခင်းပြင်တွေရယ်၊ ဘေးမှာ လွှတ်ကျောင်းထားတဲ့ နွားတွေရယ်၊ အညာမြေမြို့ဈေးကိုအနီးနားရွာတွေက ဈေးလာဝယ်ကြတဲ့စုပြုံရပ်ထားလှည်းတွေရယ်က နံက်ခင်းပြင်ကို တမျိုး ဆန်းသစ်စေပြန်တယ်။ ကျောက်ပန်းတောင်းရောက်ဖို့ ဆယ်မိုင်အလို မြိုင်သာယာရွာမှာ ခဏနားစဉ်''စီးကရက်ရှိလား'' လို့ ကွမ်းယာ ဆိုင်ကိုမေးတော့ ''အဖြူ ကုန်နေတယ်'' ဆိုလို့ အညာအခေါ်အဝေါ်သစ်ကို မှတ်သားရပြန်သေးတယ်။ နေ့လည် တစ်နာရီလောက် ပုဂံမြေညောင်ဦးကို ကားစ၀င်တယ်ဆိုရင်ပဲရင်ထဲမှာ ''ငါမြန်မာကွ'' ဆိုတဲ့ ၀မ်းသာဂုဏ်ယူစိတ်ကလွှမ်းမိုးလို့လာတယ်။ကျွန်တော်တို့ တည်းကြတဲ့ 'မြန်မာထရက်ရှာရီစော့' ရဲ့ အဆောက်အဦးတွေကလည်း ပုဂံရှေးလက်ရာပုံစံတွေမို့ပုဂံရဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဆိုတဲ့ အငွေ့အသက်ကို ပိုမိုခံစားရစေပါတယ်။

 



နေ့လည်သုံးနာရီမှ စားဖြစ်ကြတဲ့ နေ့လည်စာဟာ မြန်မာဘူးဖေးဆိုင်အတွက်တော့ အမြတ်ကျန်မည်မထင်ပါ။ ''မိတ်ဆွေ။ ကျွန်တော်တို့ ဆိုင်မှာဟင်းမှာစရာ မလိုပါ။ အမဲသား လုံးဝ မရောင်းပါ။ ၀က်သား စား မစားကို ပြောပါ။ ရှိသမျ ဟင်းများ အကုန်ချထားပေးပါတယ်။ စိတ်တိုင်းကျ စားသုံးနိုင်ပါတယ်။ ဟင်းကုန်သလောက် ထပ်လိုက်ပေးပါတယ်။ ဘယ်လောက်ကုန်ကုန်လက်မတုန်ပါ။ ဘယ်လောက် တောင်းတောင်းလည်း လက်မညောင်းပါ။ မတန်ရင် ပန်းကန်တောင် ရိုက်ခွဲလို့ ရပါတယ်ဗျာ။ အလှူလုပ်သလို ရောင်းတာပါ'' လို့ချိတ်ဆွဲထားတဲ့ စာသားဟာ အားလုံး ကိုသဘောတွေ့လို့ နေစေတယ်။လက်မလည်အောင် လိုက်ပွဲတွေပေးရတဲ့ မြန်မာဘူဖေးဆိုင်ရှင်ကလည်းတကယ့်အလှူရှင်လို တပြုံးပြုံးနဲ့ ရှိလှပါတယ်။ ဟင်းပွဲသုံးဆယ်ကျော်ကို ဆာလောင်စွာ သုံးဆောင်ရင်း ကျွန်တော့စိတ်ထဲမှာ နရသီဟပတေ့မင်း ဟင်းပွဲ ၃၀၀ နဲ့ စားတော်ဆက်ခဲ့တာကိုလည်းမြင်ယောင်မိပါရဲ့။

 

 

 

မိုးမရွာ၊ နေမပူနဲ့မို့ ပုဂံရဲ့ စက်တင် ဘာလဟာအလွန်သာယာလို့နေတယ်။တိတ်ဆိတ်တဲ့ အညာမြေမှာ ကတ္တရာလမ်းပေါ်ပြေးနေတဲ့ မြင်းခွာသံတွေကဟိုးရှေးခေတ်ပုဂံ မြင်းစစ်သည်တော်ကြီး များ စစ်ချီတဲ့အသံကို ပြန်လည်ပဲ့တင် ထပ်သယောင်၊ ပုဂံမြို့ပြကြီး စည်းကားခဲ့စဉ်က ဘယ်လိုဖြစ်ခဲ့မလဲဆိုတာလည်း မိမိဘာသာတွေးတောရင်း ဘုရားကြိုဘုရားကြားဝင်ထွက်သွားလာချိန်မှာ ခရီးသွားလမ်းñွှန်ကောင်လေးပြောတဲ့ဝိညာဉ်များ ပေါကြွယ်ရာ ပုဂံ ဆိုတဲ့စကားကို ပြန်ကြားယောင်မိတုံး ကျောဘက်မှာ ချမ်းစိမ့်စိမ့် ခံစားလိုက်ရတာမို့အမြန်ပြန်ထွက်လာခဲ့ပါတယ်။ ဗူးဘုရား၊ ဓမ္မရံကြီး၊ အပယ်ရတနာစတဲ့ နာမည်ကြီးဘုရားပုထိုးတွေ၊'လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရား ပေါင်း'စာဆိုနဲ့အညီ လက်ñိုးထိုးမလွဲများပြားလှတဲ့ ပုဂံစေတီပုထိုးတွေကို ဖူးမျော်ရင်း ရှေးပုဂံခေတ်သာယာဝပြောမှုတွေနဲ့အတူ ချိမ့်ချိမ့်အလှူမင်္ဂလာပွဲတွေဟာလည်း များပြားစွာ ရှိခဲ့ပေလိမ့်မယ် ဆိုတာ ကျွန်တော်အတွေးချဲ့ခဲ့မိတယ်။

 

 

               ''ထု-ဓမ္မရံ၊ ဉာဏ်-သဗ္ဗñု၊ အနု-အာနန္ဒာ'' ဆိုတဲ့ ဆိုရိုးတဲ့ ညီလှစွာ အာနန္ဒာဘုရားရှိ အနုလက်ရာတွေဟာ အံ့သြဖွယ်ပါပဲ။ လေ၀င်လေထွက်နဲ့ အလင်းရောင် ပေးထားမှုတွေက ရှေးခေတ် ဗိသုကာ တိုးတက်မှုတွေကို သက်သေပြ လို့နေတယ်။ ''စေတီရံတစ်သောင်း၊ မုဒ်ပေါင်း တစ်ထောင်၊ လမ်းသုံးမြောင်'' လို့လည်း အာနန္ဒာဘုရားကို တင်စားထားပါသေးတယ်။ လက်ရာစုံစွာ အာနန္ဒာဘုရားမှာ ပတ်လျောက်လမ်းသုံးလမ်းအနက် အလယ်လမ်းကနေ ဘုရားကြီးကို ပတ်လို့ ပူဇော်မိစဉ်မှာပဲ အတွင်းဆုံးပတ်လမ်းကရဟန်းသံဃာများ၊ အလယ်ပတ်လမ်းကမင်းညီမင်းသားတွေနဲ့ ဆွေတော်မျိုး တော်များ၊ အပြင်ဆုံးပတ်လမ်းက သာမန်ပြည်သူ တွေ လျောက်ရာလမ်းတွေဖြစ်တယ်လို့ လည်း လမ်းñွှန်က ရှင်းပြပါ တယ်။ နောက်တစ်ရက်နံနက်မှာ စွယ်တော်လေးဆူ နေ့ချင်းဖူးဘို့ အားလုံးက စော စောထ သွားကြလေရဲ့။ ဘုရားတွေ အများကြီးထဲမှာ ဧရာဝတီ မြစ်ကမ်းနဖူးမှာ တည်ထားတဲ့ လောကနန္ဒာဘုရားဖူးစဉ် အချိန်ဟာ အားလုံးရဲ့ အမှတ်တရပါပဲ။ ဘုရားတက်လှေကားထစ်မှာ ရောင်းတဲ့ လတ်ဆတ်တဲ့ ဧရာဝတီငါးလေးကြော်တွေဟာဝယ်လက်များသလောက် ရောင်းလက်တွေလည်း များလှပါတယ်။ မြစ်ထဲက ငါးလေးတွေကို မြစ်ဘေးမှာ စားရလို့ ပိုမို ချိုမြိန်ပြီး အရသာရှိတယ်တယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက် စကားအဆုံးမှာ နောက်တစ်ယောက်က '' လိုကယ်ဘား ကို သွားကြမယ်'' ဆိုတော့ အများစုက ခေါင်းညိတ်ကြတယ်။ ဒီလိုနဲ့ ကားကို ထန်းတောနဲ့ အနီးစပ်ဆုံးမောင်းပြီး အမိန့်ရ မျိုးကြီး ထန်းရည်ဆိုင်ကို အုပ်စုလိုက် ချီတက်ကြပါတော့တယ်။ ထန်းပင်တွေရဲ့အကြား၊ ထန်းလက်တွေနဲ့ ကာရံထားတဲ့ တဲငယ်ဘေး၊၀ါးကွက်ပျစ်ပေါ်မှာ ထိုင်တာကြာလာတာနဲ့အမျ ဆွေးနွေးစရာ အကြောင်းအရာတွေ ပိုများလာသလို အညာမြေရဲ့အလှဟာလည်း ပိုခံစားလို့ ကောင်းလာတော့တယ်။ယွန်းထည်ဝယ်ရင် မြစေတီဘုရားမှာအကောင်းဆုံး ဆိုလို့ မြစေတီက ပြန်အထွက်မှာ ကားပေါ်မှာ သတင်းစာပတ်အထုတ်တွေက အပြည့်ပါပဲ။

 

 


ညနေပိုင်း ပုဂံရဲ့ နေ၀င်ချိန်ကို ခံစားဖို့ ရွှေဆံတော်စေတီကို အပြေးအလွှားသွားကြသော်လဲ တိမ်ñိုမဲတွေ ဖုံးလွှမ်းနေတဲ့ ကောင်းကင်မှာ နေက ပုန်းလျိုးလို့ ၀င်သွားလေရဲ့။ ပုဂံမြေဟာ ကျွန်တော်အတွက် ဒုတိယအကြိမ် ခြေချခြင်းပါပဲ။ ခရီးသွားရာသီအစမို့ ပုဂံဟာ ဧည့်ပါးလို့နေပါတယ်။ ဒီနှစ် ပုဂံမြေကို ဧည့်သည်တွေပိုဝင်ဖို့နိုင်ငံတကာ မီဒီယာတွေ ဖိတ်ပြီး ပြသတာတွေလည်း လုပ်နေကြပါပြီ။ ရှေးမြို့တော်ပုဂံ၊ မြန်မာ့ရာဇ၀င် တစ်ခေတ်ဆန်းခဲ့ရာပုဂံဟာ လေ့လာစရာ ပေါကြွယ်ဝတာနဲ့အမျ မြန်မာ့ခရီးသွားလုပ်ငန်းမှာအထင်ကရ ရှိနေဦးမှာပါ။ 

 

Last Updated ( Wednesday, 16 September 2009 13:10 )  

Members Online

None
Latest Message: 6 months, 3 weeks ago
  • Administrato : Sorry for late response
  • Administrato : Login Password can be changed in User Profile > Edit Profile > Contact Info
  • Auto Han : Merry X'mas and Happy New Year to you all (EMBA)
  • shinshin : how can I change my password??
  • A. Khine Soe : Wish we could be together for long life living.
  • Kyaw Naing O : well come to all emba participants
  • Kyaw Kyaw : hi
  • Kyaw Kyaw : pls invite to me for g-talk all friends from emba 6 batch.Thanks
  • Administrato : Attention New User ... Please state your full name and batch number clearly. We will match registration info: and MBA and EMBA student list. If your name does not appear in Student list, your registration will not be successful. Thanks!
  • Kyaw Kyaw : Nice to meet u all!!!!
  • Phyu Nu Nge : please change the photo and title for our activities
  • Administrato : Attention! Many registration request pending for EMBA-8 users. There will be automatic email from website after registration, there is link to confirm your registration. You need to click that link to complete registration process.
  • Win Htun : Dear Administrator, EMBA homage paying ceremony will be on 23rd October, Friday evening. Rgd.
  • Administrato : Dear EMBA 8th Candidate, if you want to use @emba-mm.com email please send account request to administrator@emba-mm.com
  • May Myat Mon : Power Point slides on Managerial Ethics by Prof. Dr. Aung Tun Thet has been uploaded under Online Data Store.
  • Kyaw Thuya : EMBA 8th Batch Final Admission List will be posted here this evening.
  • May Myat Mon : Business Succession Plan Model has been uploaded under Seminars/Workshops.
  • Aung Thura : Dear All,Please have to share "Business Succession Plan"PPT to me.Thanks, Aung Thura
  • Aung Thura : Please,Have to share "Business Succession Plan"PPT.
  • May Myat Mon : hello Ko Latt, r u there ?
  • Administrato : Dear All, if you want to use mba-mm.com email please send email to administrator@mba-mm.com to request account, please state full name, batch number, and name of institution.
  • Administrato : Logo size is 200 x 60 pixels (PIXELS)
  • Administrato : Ad 1 block 25,000 Ks per year. currently location is first come first served.
  • Phyu Nu Nge : Please let me know how much cost advertise in MBA web .
  • Kyaw Thuya : You may add in your gtalk so you can make chat inquiry with school office.
  • Kyaw Thuya : FYI Everyone, School Gtalk address dms@emba-mm.com
  • May Oo : hi
  • Lin Kyaw Tun : Ko Kyaw Lin Thant , r u there
  • Lin Kyaw Tun : hi guys
  • Khine Win Ma : Hello! Nice 2 meet u all .............

Only registered users are allowed to post


Myanmar Awba Group of Companies Yangon Chatrium Hotel Shwe Bon Printing CAREER DEVELOPMENT CONSULTANCY CO.,LTD Lucky Man Co., Ltd Aung Yadana Medical Centre Aureum Palace New Motion Travels & Tours Bangkok Hospital Medical Center Nice Fare Travel Co.,Ltd Management & Business Care KANGAROO Child Care and Development Center Channel 2 Consultancy Gold Cake The Opportunity Journal
ဘာ Project ရေးကြမလဲ ???