(၂၂-၂-၂၀၀၉) အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါ
တယ်
ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကံဇော် ၊ ဒု-
ပါမောက္ခချုပ် ဒေါက်တာခင်စန်းရီ ၊ ဆရာမကြီး ဒေါက်တာ နုနုယဉ် တို့ အပါအ၀င်
ဆရာကြီး ဆရာမကြီးများ ၃၀ ခန့်နဲ့ EMBA နဲ့ Day Batch အသီးသီးမှ
ကျောင်းသား ကျောင်းသူ များ ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
အခန်းအနားမှာ သြ၀ါဒ စကားကို
ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကံဇော် ၊
ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစာ) ဦးမြတ်သိန်း၊ နဲ့
ဆရာမကြီး ဒေါ်ရီရီမြင့် တို့မှ ပြောကြားပေးခဲ့ပါတယ်၊
EMBA 1st batch မှာ ကျောင်းသား ကိုယ်စားလှယ် နှစ်ဦးမှ
ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။
MBA Golf tournament မှာ ဆုရရှိခဲ့တဲ့ အသင်းအသီးသီးနဲ့ တစ်ဦးချင်း
ဆုများကို ချီးမြှင့်ပေးခဲ့ပါတယ်။
တက်ရောက်လာသူများ အားလုံးနဲ့ တက်ရောက်ချင်ပါသော်လည်း
အကြောင်းကြောင်းကြောင့် မတက်ရောက် နိုင်သူများ အားလုံးကို Organising
Committee မှ ကျေးဇူးတင်ပါကြောင်း နောင်နှစ်များ မှာ လဲ ယခုထက် ပိုမို
စည်စည်ကားကား ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း Organising
Comittee က ပြောကြားခဲ့တယ်လို့ သိရပါတယ်။