Sunday June 28, 2009
MBA Society ၏ပထမအကြိမ် လစဉ်တွေ့ ဆုံပွဲ ကို ဇွန်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel တွင် လက်ဖက်ရည်ပွဲဖြင့် ကျင်းပခဲ့ပါသည်။

MBA Society မှ အမ်ဘီအေ မြန်မာများ အချင်းချင်း ဆက်သွယ် ပေါင်းစည်းပြီး ချစ်ကြည်ရင်းနှီးမှုများ တိုးပွားစေရန်၊ အသိပညာ အတွေ့အကြုံများ ဖလှယ်ရင်း ရိုင်းပင်းကူညီနိုင်ရန်၊ ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် စီးပွားရေး လူမှုရေးဆိုင်ရာ အခွင့်အလမ်းများ (Business and Social Opportunities) ပေါ်ထွန်းလာစေရန်၊ နှင့် အတွေ့အကြုံ နှင့်နည်းပညာများနှီးနှောဖလှယ်ခြင်းဖြင့် စဉ်ဆက်မပြတ် လေ့လာရေး အခွင့်အလမ်းများ (Learning Opportunities) ရရှိနိုင်စေရန် ရည်ရွယ် ကျင်းပကြောင်း သိရှိရပါသည်။
တွေ့ဆုံပွဲတွင် ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်မှ Value-based Leadership ခေါင်းစဉ်ဖြင့် ခေါင်းဆောင်မှု အကြောင်းပို့ချခဲ့ရာ တက်ရောက်လာသူများက ပါဝင် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ ဆုံပွဲတွင် MBA Society မှ Website တင်ထားကြောင်း http://www.mba-mm.com ကိုဝင်ရောက်ကြည့်ရှူ အသုံးပြုနိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ အသေးစိတ်သိလိုပါက This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ Email ပေးပို့  မေးမြန်း နိုင်ပါသည်။
ယနေ့တွေ့ဆုံပွဲကို MBA နေ့ပိုင်း နှင့် ညနေပိုင်းသင်တန်းများမှ အမ်ဘီအေ မြန်မာများ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲကို လစဉ် တတိယပတ် တနင်္ဂနွေနေ့လည် တွင်ကျင်းပမည်ဖြစ်ပြီး၊ တက်ရောက်လိုသော အမ်ဘီအေ မြန်မာ များအနေဖြင့် သက်ဆိုင်ရာ အတန်းအသီးသီး၏ ကိုယ်စားလှယ်များထံတွင်စုံစမ်း အမည်စာရင်း ပေးသွင်းခြင်းဖြင့် တက်ရောက်နိုင်ပါသည်။

အခန်းအနားမှာ တက်ရောက်လာသူများ အား အမှတ်တရ လက်ဆောင်များပြန်လည်ပေးအပ်ခဲ့ပြီး လက်ဆောင်များကို
ရွေပုံ ပုံနှိပ်တိုက်
ဘန်ကောက် ဆေးရုံကြီးနှင့်
Lucky Man Company တို့မှ Sponsor ပေးကြောင်းသိရပါသည်။
| |