၂၀၀၉ EMBA မိသားစု ဆရာကန်တော့ပွဲ ကို အောက်တိုဘာလ ၂၃ ရက်နေ့ (သောကြာနေ့) မှာ Sedona Hotal Yangon, Grand Ballroom မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများဟာ ညနေ ၆ နာရီမှ စတင်ကာ စုဝေးရောက်ရှိလာကြပါတယ်။ အားလုံးစုံညီချိန်၊ ည ၇ နာရီမှာ အခန်းအနားအစီအစဉ်များကို စတင်ခဲ့ပါတယ်။
ပထမဦးဆုံး ပါမောက္ခချူပ် ဒေါက်တာကံဇော်မှ အဖွင့်အမှာစကားကို ပြောကြားပါတယ်။
ထို့နောက် ဆရာ/ဆရာမများကို ကန်တော့ပစ္စည်းများနှင့်တကွ ကျောင်းသားကျောင်းသူများက ရိုသေစွာကန်တော့ကြပါတယ်။
ကန်တော့ပြီးနောက် ဆရာမကြီး ဒေါ်ရီရီမြင့်က အမှာစကားပြောကြားပြီး ကျောင်းသားများမှ ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြပါတယ်။
ထို့နောက်မှာတော့ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ညစာများနှင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။
ဆရာကန်တော့ပွဲအခန်းအနားကို ည ၉ နာရီမှာ ရုပ်သိမ်းခဲ့ကြပါတယ်။
၂၀၁၀ ခုနှစ် ဆရာကန်တော့ပွဲကိုလဲ နှစ်စဉ်ကျင်းပမြဲ အစဉ်အလာမပျက် ဆက်လက်ကျင်းပမည်ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ကျောင်းသား/ကျောင်းသူများအားလုံး စုံစုံညီညီ ပျော်ပျော်ရွှင်ရွှင် တက်ရောက်ကြမယ်လို့ မျှော်လင့်ပါတယ်။